အကူအညီ
အော်ပရေတာ ပံ့ပိုးမှု

234*

အမေးအဖြေများ

"Apps Club ဆိုတာဘာလဲ။

Apps Club ဆိုသည်မှာ ပုံသေနှုန်းထား အနည်းငယ်ဖြင့် ပရီမီယံ အက်ပ်များနှင့် ဂိမ်းများကို အကန့်အသတ်မရှိ ဒေါင်းလုဒ်ဆွဲခွင့် ပေးသည့် ဆန်းသစ်တီထွင်ထားသော ဝန်ဆောင်မှုတစ်ခု ဖြစ်ပါသည်။ ဤမှာယူမှုပုံစံဖြင့် သင်သည် အက်ပ်ရာပေါင်းများစွာအား အသုံးပြုခွင့်ကို စိတ်ကြိုက်ခံစားနိုင်ပါသည်။ ဂိမ်းများ၊ ကလေးများအတွက်၊ ကိရိယာများ၊ ကျန်းမာရေး၊ ပညာရေး၊ ဓာတ်ပုံပညာနှင့် အခြားများစွာ ကဏ္ဍများ အားလုံးမှ အကောင်းဆုံး အက်ပ်များ ပါဝင်ပါသည်။"

"ဝန်ဆောင်မှုအတွက် ဘယ်လို ပေးချေရမလဲ။

သင့်မှာယူမှု အစီအစဉ်တွင် အခမဲ့စမ်းသပ်ကာလ တစ်ခုကို ပေးထားပါက ယင်းကာလမကုန်မီအထိ ကျသင့်ငွေ မရှိပါ။ ကြိုတင်ငွေသွင်းထားသည့် သုံးစွဲသူများအတွက် စမ်းသပ်ကာလ ကုန်သည်နှင့် မှာယူခကို ရက်စေ့သည့်နေ့တိုင်းတွင် သင့်ခရက်ဒစ်ကဒ်မှ အလိုအလျောက် နုတ်ယူပါမည်။ သင်သည် သုံးပြီးမှ ငွေရှင်းသော သုံးစွဲသူဖြစ်ပါက မှာယူခကို သင့်လစာ ငွေတောင်းခံလွှာတွင် ထည့်ပေးပါမည်။

"

"ကျွန်ုပ်၏ မှာယူမှုကို ရပ်တန့်လိုက်ပါက အက်ပ်များကို ဆက်လက်၍ ဒေါင်းလုဒ်ဆွဲနိုင်ပါသလား။

မဆွဲနိုင်ပါ။ အက်ပ်များကို သင့်မှာယူမှုဖြင့် ချိတ်ဆက်ထားသောကြောင့် ဝန်ဆောင်မှုအား ပယ်ဖျက်လိုက်ပါက အက်ပ်များကို သင်အသုံးပြုနိုင်တော့မည် မဟုတ်ပါ။ သို့ရာတွင် သင့်အချက်အလက်များသည် ပယ်ဖျက်ပြီး ၂ လကြာသည်အထိ အကောင်းအတိုင်း ရှိနေပါမည်။ မှာယူမှုအား ပယ်ဖျက်ပြီးနောက် သင့်အက်ပ်များကို ပြန်လည်သုံးစွဲလိုပါက ဝန်ဆောင်မှုကို ပြန်လည်မှာယူရုံသာ ဖြစ်ပါသည်။"

"Apps Club တွင် မှာယူခြင်းအတွက် ကောင်းကျိုးတွေက ဘာတွေလဲ။

Apps Club တွင် မှာယူခြင်းဖြင့် သင်သည် ဈေးကွက်အတွင်းရှိ အကောင်းဆုံးအက်ပ်များကို နည်းပါးသော ပုံသေနှုန်းထားတစ်ခုဖြင့် ရယူနိုင်မည်ဖြစ်ပြီး အပိုကုန်ကျမှုများ၊ ကြော်ငြာများနှင့် မသင့်လျော်သော ပါဝင်မှုများ ရှိမည် မဟုတ်ပါ။ ဤခံံစားခွင့်များသည် အကန့်အသတ်မရှိသည့်အပြင် ပို၍ကောင်းမွန်သော အတွေ့အကြုံကို ရရှိစေရန်အတွက် အက်ပ်အတွင်း ဝယ်ယူနိုင်သည့် အရာများကိုလည်း ဖွင့်ပေးထားပါသည်။"

"အက်ပ်များကို ကျွန်ုပ်ကြိုက်သလောက် ဒေါင်းလုဒ်ဆွဲနိုင်ပါသလား။

ဆွဲနိုင်ပါသည်။ သင့်တွင် သက်တမ်းမကုန်သေးသော မှာယူမှု ရှိနေပါက အက်ပ်များနှင့် ဂိမ်းများကို သင်ကြိုက်သလောက် ဒေါင်းလုဒ်ဆွဲနိုင်ပါသည်။"

"Apps Club မှတဆင့် ဒေါင်းလုဒ်ဆွဲထားသော အက်ပ်များကို ဘယ်လိုသိရှိနိုင်မလဲ။

Apps Club မှတဆင့် ဒေါင်းလုဒ်ဆွဲထားသော အက်ပ်တိုင်းတွင် အိုင်ကွန်ပေါ်၌ သေးငယ်သော အမှတ်အသား (တံဆိပ်တစ်ခု) ပါရှိမည်ဖြစ်သောကြောင့် အခြားရင်းမြစ်များမှ ဒေါင်းလုဒ်ဆွဲထားသော အက်ပ်များဖြင့် မမှားနိုင်ပါ။"

"Apps Club ကို ဘယ်လိုအပ်ဒိတ် လုပ်ရမလဲ။

Apps Club အား ပိုမိုကောင်းမွန်အောင် အစဉ်အမြဲ ကြိုးစားနေပြီး ဗားရှင်းအသစ်တစ်ခု ထွက်ရှိတိုင်း သင့်အား အသိပေးမည် ဖြစ်ပါသည်။ အပ်ဒိတ်များအား မီနူးဧရိယာရှိ အကြောင်းအရာ ကဏ္ဍတွင် ရရှိနိုင်ပါသည်။"

"Apps Club မှ အက်ပ်များကို ဒေါင်းလုဒ်ဆွဲရန် အင်တာနက် ဆက်သွယ်မှု လိုအပ်ပါသလား။

လိုပါသည်။ Apps Club မှ အက်ပ်များကို စတင်ဒေါင်းလုဒ်ဆွဲရန်အတွက် အင်တာနက် ချိတ်ဆက်မှု ပုံစံအချို့ကို ရှိရပါမည်။ ဒေါင်းလုဒ်ဆွဲမှုကို ပိုမိုလျင်မြန်စေရန် အထူးသဖြင့် 15 MB ထက်ကြီးသော ဖိုင်များအတွက် ဝိုင်ဖိုင် ဆက်သွယ်မှုကို အသုံးပြုရန် တိုက်တွန်းပါသည်။ သင့်တွင် မိုဘိုင်းလ်ဒေတာ အစီအစဉ် မရှိပါက Apps Club အား အသုံးမပြုမီတွင် သင့်ဝန်ဆောင်မှုပေးသူနှင့် ဖြစ်နိုင်သော ကုန်ကျစရိတ်များကို စစ်ဆေးကြည့်ပါ။"

"Apps Club အား ဖယ်ထုတ်လိုက်ပါက ဝန်ဆောင်မှုကို အလိုအလျောက် ပယ်ဖျက်ပါသလား။

မဟုတ်ပါ။ ဝန်ဆောင်မှုကို မပယ်ဖျက်ပါ။ သင်သည် ဝဘ်စတိုးရှေ့မှ ဂိမ်းများကို ဆက်လက်ဒေါင်းလုဒ်ဆွဲနိုင်ပါသည်။ သို့ရာတွင် သုံးစွဲသူ အတွေ့အကြုံတွင် အကန့်အသတ် ရှိမည် ဖြစ်ပါသည်။"