စည်းမျဉ်း စည်းကမ်းများ

ဒီသဘောတူညီချက်မှာ APPS CLUB (the "Service") ၏ ‘သုံးစွဲသူ’ ဖြစ်တဲ့သင့်ရဲ့ရယူခွင့်နှင့်အသုံးပြုမှုတို့ကိုဆုံးဖြတ်သောအထွေထွေအခြေအနေများကိုဥပဒေနှင့်အညီပေါင်းစည်းထားခြင်းဖြစ်ပါတယ်။

၁. အထွေထွေအခြေအနေများ

၁.၁ APPSCLUB ဆိုသည်မှာလစဉ်၊နှစ်ပတ်တစ်ခါ၊တစ်ပတ်တစ်ခါသို့မဟုတ်နေ့စဉ်ကြေးတို့ပေးသွင်းထားပြီးစာရင်းပေးသွင်းထားသူထံနည်းပညာအချက်အလက်များကိုအမ်းဒရိုက်အက်ပ်ပုံစံဖြင့်ပေးပို့ပေးမည့်အလိုအလျောက်အသစ်ဖြစ်နေမည့်နည်းပညာအချက်အလက်အကြာင်အရာများကိုစာရင်းပေးသွင်းပြီးရယူနိုင်တဲ့ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။

၁.၁.၁ပါဝင်သောအကြောင်းအရာများကိုဒေါင်းလုပ်စွဲခြင်းနှင့်သုံးစွဲခြင်းတို့မှာကန့်သတ်ချက်များမရှိပါ။အခကြေးငွေပေးထားတဲ့သုံးစွဲသူအပေါ်မှာဒေါင်းလုပ်စွဲနိုင်သောအရေအတွက်ကန့်သတ်ချက်များမထားရှိပါ။တစ်ခုတည်းသောကန့်သတ်ချက်မှာသုံးစွဲသူ၏ဖုန်းထဲတွင်ထည့်သွင်းနိုင်တဲ့ဒေတာသိုလှောင်မှုပမာဏသာဖြစ်ပါသည်။

၁.၂ APPSCLUB မှdဒေါင်းလုပ်ရယူနိုင်သည့်နည်းပညာအချက်အလက်များမှာအခြားသောဆော့ဗ်ဝဲရေးသူများမှပြုလုပ်ထားသောကြောင့် Ooredoo မှပိုင်ဆိုင်ခြင်းမရှိပါ။ထိုအချက်ကြောင့် Ooredoo မှအန်းဒရိုက်အက်ပလီကေးရှင်းများရဲ့မှန်ကန်မှု၊ကောင်းမွန်စွာလည်ပတ်နိုင်မှု၊သင့်လျှော်မှုများအပြင်ထိုအချက်အလက်များကိုအသုံးပြုနေစဉ်တွင်သုံးစွဲသူမှဆုံးဖြတ်ချက်ချသောလုပ်ဆောင်မှုများအပေါ်တွင်တာဝန်ယူခြင်းရှိလာမည်မဟုတ်ပါ။

၁.၃ APPSCLUB ထဲမှအက်ပလီကေးရှင်းများကိုဒေါင်းလုပ်ရယူပြီးအသုံးပြုရန်အန်းဒရိုက်နည်းပညာနဲ့ကိုက်ညီပြီးအန်းဒရိုက်ဗားရှင်း၂.၃သို့မဟုတ်ပိုမိုမြင့်မားတဲ့ဗားရှင်းတစ်ခုထည့်သွင်းထားသောမိုဘိုင်းဖုန်းတစ်ခုလိုအပ်တယ်ဆိုသည်ကိုသုံးစွဲသူအနေဖြင့်သိရှိနားလည်ရပါမည်။

၁.၃.၁သုံးစွဲသူအနေနဲ့ APPSCLUB ကိုအသုံးပြုရန် (WIFI, GPRS, EDGE, 3G, 4G သို့မဟုတ်) အခြားသောအင်တာနက်ချိတ်ဆက်မှုများလိုအပ်တယ်ဆိုတာသိရှိနားလည်ရပါမယ်။အင်တာနက်မရှိပဲသုံးစွဲမှုများကိုအင်တာနက်မလိုတဲ့အက်ပလီကေးရှင်းငါး(၅) ခုသာထည့်သွင်းပြီးကန့်သတ်ထားပါတယ်။

၁.၄စာရင်းပေးသွင်းချိန်တွင်သုံးစွဲနိုင်ရန်လိုအပ်ချက်များနဲ့သုံးစွဲသူရဲ့မိုဘိုင်းဖုန်းနှင့်ကိုက်ညီချက်ရှိရှိ၊မရှိရှိစာရင်းပေးသွင်းလိုက်သည်နှင့်ကျသင့်ငွေအားလုံးကိုပေးအပ်ရမှာဖြစ်ကြောင်းသိရှိနားလည်ပြီးသဘောတူရပါမည်။သုံးစွဲသူဘက်မှကိုက်ညီသုံးစွဲနိုင်သည့်မိုဘိုင်းဖုန်းမရှိခြင်းကြောင့်ဝန်ဆောင်မှုများကိုမရယူနိုင်ပါက Ooredoo မှကျသင့်ငွေကိုသုံးစွဲသူထံပြန်ပေးခြင်းများရှိလာမည်မဟုတ်ပါ။

၁.၅ဝန်ဆောင်မှုကိုအသုံးပြုကာဒေါင်းလုပ်ဆွဲရယူခြင်းနှင့်ပတ်သက်ပြီးအင်တာနက်ဒေတာသုံးစွဲမှုနှင့်ပတ်သတ်ပြီးကျသင့်ငွေများကိုသုံးစွဲသူရဲ့မိုဘိုင်းအင်တာနက်ဖြန့်ဝေသူတို့မှသတ်မှတ်ထားသည့်သင့်လျှော်သောငွေကြေးပမာဏကိုသာကောက်ခံသွားမှာဖြစ်ပါသည်။Ooredooသည်သုံးစွဲသူ၏ဒေါင်းလုပ်ပြုလုပ်ခြင်းနှင့်ပတ်သက်သောဒေတာကုန်ကျမှုများနှင့်မသက်ဆိုင်ကင်းလွတ်ပြီး၊မကြာခဏအားဖြင့်ထိုကင်းလွတ်မှုများရပ်တန့်နိုင်မည်ကိုသုံးစွဲသူအနေနဲ့သိရှိနားလည်ရပါမည်။

၁.၆ဝန်ဆောင်မှုများကိုရယူရန်စာရင်းပေးသွင်းသည့်သုံးစွဲသူမှာတရားဝင်သက်မှတ်ထားသောအသက်အရွယ်ဖြစ်ရမည်သို့မဟုတ်အုပ်ထိန်းသူခွင့်ပြုချက်ရှိရပါမည်။

၁.၆.၁ဝန်ဆောင်မှုတစ်ခုကိုအသုံးပြုခြင်း(သို့မဟုတ်)တစ်စုံတစ်ယောက်မှဝယ်ယူသည့်အခါတိုင်း၊အသုံးပြုခြင်းဆိုင်ရာတာဝန်တွေဟာအဆိုပါတစ်စုံတစ်ယောက်ကိုဝန်ဆောင်မှုနှင့်အသုံးပြုဝယ်ယူမှုတို့အတွက်ခွင့်ပြုချက်ပေးထားသည်လို့ယူဆရတဲ့သက်ဆိုင်သောမိုဘိုင်းအင်တာနက်ဖြန့်ဝေသူများကိုအခကြေးငွေပေးအပ်ရသူ၏အပေါ်မှာရှိပါတယ်။မသင့်တော်သော၊မလိုလားအပ်သောနည်းလမ်းများဖြင့်ဝန်ဆောင်မှုများအက်ပလီကေးရှင်းများကိုအသုံးပြုခြင်းအပေါ်တွင် Ooredoo မှတာဝန်ယူမည်မဟုတ်ပါ။တရားဝင်အုပ်ထိန်းသူ(သို့)သဘောတူညီချက်စာချုပ်ချုပ်ဆိုသူဘက်မှသာလျှင်ဝန်ဆောင်မှုကိုအသုံးပြုရန်လိုအပ်သည့်မိုဘိုင်းဖုန်းကိုထိန်းသိမ်းရန်တာဝန်ရှိပါသည်။

၁.၇ Ooredoo ဘက်မှနေပြီးသုံးစွဲသူ၏အင်တာနက်ချိတ်ဆက်မှုများအဆင်မပြေဖြစ်မှု၊အက်ပလီကေးရှင်းများကိုဒေါင်းလုပ်လုပ်ပြီးအသုံးပြုရာတွင်အခြားသောဟာ့ဝဲများဆော့ဖ်ဝဲများအသုံးပြုခြင်း(သို့)ဝန်ဆောင်မှုအတွက်အခြားသောနေရာမှရှိနိုင်သည့်အင်တာနက်လင့်ခ်များရှိနေမှုတို့ကိုတာဝန်ယူမည်မဟုတ်ပါ။Ooredoo ရဲ့ဝန်ဆောင်မှုမှာသုံးစွဲသူရဲ့လိုအပ်ချက်များ(သို့)အခြားသောလိုအပ်မှုများပြည့်စုံနိုင်မည်ဆိုပြီးအာမခံချက်(သို့)အတည်ပြုမှုမရှိခြင်းကိုသုံးစွဲသူမှသိရှိထားရပါမည်။

၁.၈အခြားသောဆော့ဗ်ဝဲရေးသူများမှထုတ်လုပ်ထားသောအက်ပလီကေးရှင်းများတွင်ပါရှိသည့်ဝန်ဆောင်မှု(သို့) ပေါ်တယ်များမှတစ်ဆင့်ထည့်သွင်းထားသည့်ကြော်ငြာမှုများ(သို့) ခေါင်းစည်းကြော်ငြာများ၊ဝင်းဒိုးနေရာအသစ်ဖြင့်ကြော်ငြာမှုများတို့ကဲ့သို့ကြော်ငြာများနှင့်သက်ဆိုင်သောအချက်အလက်များပါရှိနေမှုကို Ooredoo မှမှတာဝန်ယူခြင်းမရှိပါ။ထိုကဲ့သို့သောအချက်အလက်များအတွက်တာဝန်သည်ကြော်ငြာသူ(သို့)တရားဝင်သက်ဆိုင်ရာပုဂ္ဂိုလ်တွင်သာလျှင်တာဝန်ရှိသည်။

၁.၉ထိုဝန်ဆောင်မှု၏သဘာဝအတိုင်းဝန်ဆောင်မှုသည်အမှားကင်းစင်ကြောင်း၊အနှောက်အယှက်မရှိနိုင်ကြောင်းကို Ooredoo မှနေပြီးအာမမခံပါ။

၁.၁၀ဒီစည်းကမ်းများနဲ့ထိန်းချုပ်ထားခြင်းမရှိတဲ့ဝန်ဆောင်မှုကိုအတုပြုလုပ်ထားသောဝက်ဘ်ဆိုက်အတုများနှင့်ပေါ်တယ်များကိုသုံးစွဲမိသောကြောင့်ဖြစ်လာသောနစ်နာမှုများ(သို့)ဆုံးရှူံးမှုများကို Ooredoo မှနေပြီးတာဝန်မယူပါ။

၁.၁၁အောက်ပါအချက်များကြောင့်ဖြစ်လာသောဆုံးရှုံးမှု၊ထိခိုက်မှုများကို Ooredoo မှနေပြီးမည်သည့်အကြောင်းရာကြောင့်မှတာဝန်ယူမည်မဟုတ်ပါ။

(၁) သုံးစွဲသူ၏အသုံးပြုမှု(သို့)ဝန်ဆောင်မှုကိုအသုံးမပြုတတ်မှု

(၂) တစ်ကိုယ်ရေးဆိုင်ရာအချက်အလက်များကိုဆိုရှယ်မီဒီယာနှင့်ဝန်ဆောင်မှုများကိုမျှဝေခြင်း

(၃) သုံးစွဲသူ၏အချက်အလက်များကိုခွင့်ပြုချက်မရပဲဝင်ရောက်ခြင်း(သို့)ထုတ်လွှင့်ခြင်း(သို့)မသမာသောကိစ္စများအတွက်အသုံးပြုခံရခြင်း

(၄) ဝန်ဆောင်မှုကိုမသက်ဆိုင်သောသူများကသုံးစွဲမှုများ

(၅) တရားဝင်သဘောအရလုပ်ဆောင်ရသောသုံးစွဲသူ၏လုပ်ဆောင်ချက်များ

၁.၁၂အောက်ပါအချက်များကြောင့်ကျသင့်ခဲ့တဲ့အခကြေးငွေများကို Ooredoo ဘက်မှပြန်လပ်ပေးအပ်ခြင်းပြုလုပ်မည်မဟုတ်ပါ။

(၁) သုံးစွဲသူနဲ့ဝန်ဆောင်မှုကြားထဲမှဟာ့ဝဲပိုင်းနှင့် sဆော့ဖ်ဝဲပိုင်းများကိုက်ညီမှုမရှိခြင်း။

(၂) သုံးစွဲသူရဲ့ဖုန်းကအက်ပလီကေးရှင်းတွေကိုထဲသွင်းအသုံးပြုနိုင်လောက်သည့်အထိအဆင့်မမှီခြင်း။

(၃) သုံးစွဲသူဘက်မှမှားယွင်းစွာလုပ်ဆောင်မိခြင်းများ

(၄) ဝန်ဆောင်မှုရဲ့ပေါ်တယ်များဝက်ဘ်ဆိုက်များမှာဖတ်ရှူနိုင်တဲ့ညွှန်ကြားချက်နည်းလမ်းများနဲ့စည်းကမ်းများကိုမဖတ်ရှူခြင်းကြောင့်ဖြစ်သောပြဿနာများ

(၅) မယုံကြည်မှုများ

(၆) ဝန်ဆောင်မှုရယူပြီးနောက်သုံးစွဲသူဘက်မှပြန်လည်ထွက်လိုခြင်း

၁.၁၃အသုံးပြုသူဘက်မှဝန်ဆောင်မှုကိုပြဿနာမရှိပဲသုံးစွဲနိုင်ရင်တောင်မှဝန်ဆောင်မှုရဲ့စည်းမျဉ်းစည်းကမ်းတွေကိုလေ့လာလိုက်နာပြီးစည်းကမ်းများအာမခံချက်များထဲတွင်မပါဝင်တောင်မှအဆင်ပြေစွာသုံးစွဲရမည့်တာဝန်ကသုံးစွဲသူမှာရှိပါတယ်။ဝန်ဆောင်မှုမှာရရှိနိုင်တဲ့အချက်အလက်များဟာ Ooredoo ဘက်မှနေပြီးဆုံးဖြတ်အရထားရှိထားခြင်းဖြစ်ပါတယ်။အကုန်လုံးသောအချက်အလက်များရဲ့အရည်အသွေး၊သစ္စာရှိမှု၊ယုံကြည်နိုင်မှု၊အချက်အလက်၊သဘောတရား၊ထုတ်ပြန်ချက်များ၊အာမခံချက်များနဲ့အမျိုးမျိုးသောကြေငြာချက်များမှာအချက်အလက်ပိုင်ရှင်ရဲ့တာဝန်သာဖြစ်ပါတယ်။

၁.၁၄.၁ဝန်ဆောင်မှုမှပြန်လည်ထုတ်ယူသွားသောအက်ပလီကေးရှင်းများနင့်ဆင်တူတဲ့အက်ပလီကေးရှင်းများရရှိရန် Ooredoo ဘက်မှကြိုးစားပေးပါမည်။

၂.ငွေပေးခြေမှု

၂.၁သုံးဆွဲသူများအနေနဲ့အက်ပလီကေးရှင်းများယူသုံးခြင်းကိုထည့်မသွင်းပဲစာရင်းပေးသွင်းထားသူအဖြစ်ရှိနေသရွေ့ x- နေ့ပိုင်းအတွက်အမေရိကန်ဒေါ်လာ x.xx ကောက်ခံသွားမှာဖြစ်ပါတယ်။

၂.၁.၁. ကြိုတင်ငွေရှင်းထားတဲ့စာရင်းပေးသွင်းထားသူများအတွက်အမေရိကန်ဒေါ်လာ x.xx ကို x ရက်ပိုင်းအတွက်အချိုးကျသို့မဟုတ်သုံးစွဲမှု x နေ့ရက်များအတွက်အမေရိကန်ဒေါ်လာ x.xx ကောက်ခံသွားမည်ဖြစ်သည်။

၂.၁.၂ပူးတွဲစာရင်းပေးသူများကိုဝန်ဆောင်မှုပေးသွားမည်မဟုတ်ပါ။

၂.၂ Ooredooရဲ့စီးပွားရေးမိတ်ဖက်များမှတဆင့်စာရင်းပေးသွင်းသူများကိုလဖြတ်နှင့်ကောက်ခံမည်ဖြစ်ပြီးသို့မဟုတ်စာပိုဒ်၂.၁မှာဖော်ပြထားသလိုကြိုတင်ငွေဖြည့်သွင်းထားသည့်အထဲမှအပြည့်အဝကောက်ခံသွားပါမည်။ကောက်ခံမှုကိုလဖြတ်နဲ့သော်လည်းကောင်းကောက်ခံသည့်စက်ဝိုင်းအတွင်းသုံးစွဲသူ၏အခကြေးငွေပေးဆောင်သည့်အပတ်ရေအပေါ်မှုတည်ပြီးလည်းကောင်းကောက်ခံသွားမည်ဖြစ်ပါသည်။

၂.၂.၁ဖုန်းလက်ကျန်အချိန်ကြာမြင့်စွာကုန်ခမ်းနေသော်လည်းဝန်ဆောင်မှုကိုရရှိနေသေးသည့်သုံးစွဲသူများအတွက်လက်ရှိစည်းမျဉ်းစည်းကမ်းများနဲ့အညီသုံးစွဲသူရဲ့ဝန်ဆောင်မှုအသုံးပြုမှုအပတ်စဉ်အလိုက်ဖုန်းငွေဖြည့်သည့်အခါတွင်အပြည့်သို့မဟုတ်တစ်စိတ်တစ်ပိုင်းကြိုတင်ဖြည့်ထားသောလက်ကျန်ငွေမှကောက်နှုတ်သွားမည်ဖြစ်ပါသည်။။

၂.၃အပိုကြေးငွေကောက်ခံမှုများကိုသင့်တော်သောစည်းကမ်းများနှင့်အညီကောက်ခံသွားပါမည်။

၂.၄. ဈေးနှုန်းများမှာကြိုတင်သတိပေးခြင်းမရှိပဲပြောင်းလဲသွားနိုင်ပြီးဝယ်ယူနိုင်သည့်နေရာအပေါ်မှုတည်ပြီးဈေးနှုန်းများပြောင်းလဲသွားနိုင်ပါသည်။လက်ရှိစည်းမျဉ်းစည်းကမ်းများထဲတွင်ပြောင်းလဲသွားသည့်အက်ပလီကေးရှင်းများ၏ဈေးနှုန်းများကိုသုံးစွဲသူထံဝယ်ယူချိန်တွင်ပြန်လည်အသိပေးမည်ဖြစ်သည်။

၃. ဝယ်ယူနိုင်သည့်နေရာများ

၃.၁သုံးစွဲသူသည်ဝန်ဆောင်မှုကိုအောက်ပါနေရာများမှဝယ်ယူနိုင်ပါသည်။

(၁) အက်ပလီကေးရှင်းထဲတွင်

(၂) ဝက်ဘ်ဆိုက်

(၃) မိုဘိုင်းဝက်ဘ်ဆိုက်

(၄) ဆင်းကဒ်မီနူးမှ

၄. စာရင်းပေးသွင်းမှုပယ်ဖျက်နိုင်သောနေရာများ

၄.၁သုံးစွဲသူအနေနဲ့ဝန်ဆောင်မှုကိုအောက်ပါနေရာများမှပယ်ဖျက်နိုင်ပါတယ်။

(၁) အက်ပလီကေးရှင်းထဲမှ ‘My Account’ နေရာကိုဝင်ပြီး ‘Unsubscribe’ ခုလုတ်ကိုနိုပ်ခြင်းဖြင့်

(၂) Appsclub မှပို့သည့်မတ်ဆေ့များကို ‘STOP’ ဟုပြန်ပို့ခြင်းဖြင့်၊

၄.၁.၁ပယ်ဖျက်သည်နှင့်ဝန်ဆောင်မှုမှတဆင့်ရယူထားသောအက်ပလီကေးရှင်းများသုံးစွဲခွင့်မရှိတော့ပါ။

၄.၂ပယ်ဖျက်ကြေးကောက်ခံခြင်းမရှိပဲပယ်ဖျက်ချိန်မှာကျသင့်နေတဲ့ပုံမှန်စာရင်းပေးသွင်းကြေးတွေသာသုံးစွဲသူကိုကောက်ခံသွားပါမယ်။

၄.၃သုံးစွဲသူစာရင်းပေးရန်တောင်းဆိုတဲ့အချိန်အထိဝန်ဆောင်မှုမှာရှိတဲ့အပေါ်တွင်ဖော်ပြထားတဲ့နေရာများ၊စာရင်းပေးသွင်းခြင်းများတို့မှာအလိုလိုအလိုက်ထိုက်အသစ်ပြန်လည်ဖြစ်နေပါမည်။

၄.၄သုံးစွဲသူမှမမှန်မကန်၊မဖြောင့်မတ်သောနည်းလမ်းများနှင့်ဝန်ဆောင်မှုကိုအသုံးပြုပါက Ooredoo ဘက်မှကြိုတင်သတိပေးခြင်း၊လျှော်ကြေးငွေပြန်လည်ပေးဆောင်ခြင်းမရှိပဲဝန်ဆောင်မှုကိုအချိန်မရွေးရပ်တန့်ပိုင်ခွင့်ဆုံး၊ဖြတ်ပိုင်ခွင့်ရှိပါတယ်။

၅. အသိပညာဆိုင်ရာပိုင်ဆိုင်မှု

၅.၁အားလုံးသောအချက်အလက်များကိုအသိပညာဆိုင်ရာပိုင်ဆိုင်မှုကာကွယ်ရေးဥပဒေများနှင့်ကာကွယ်ထားသောလည်းဘရာဇီးပြည်သူများရပိုင်ခွင့်ကုဒ်နှင့်ပိုင်ဆိုင်မှုဥပဒေနှင့်ကန့်သတ်ထားခြင်းမရှိပဲပိုင်ဆိုင်မှုရှိသူများ၏ခွင့်ပြုချက်လိုင်စင်များအတွက်ဈေးကွက်ဖြန့်ဖြူးမှုများပြုလုပ်ပါသည်။

၅.၂ Ooredoo နှင့်ပူးပေါင်းထားသောစီးပွားသက်များမှအခြားသောမိုဘိုင်းအက်ပလီကေးရှင်းအပြင် Ooredoo မှပိုင်ဆိုင်သောအမှတ်တံဆိပ်များနှင့်အခြားသောထုတ်လုပ်သူများမှဝန်ဆောင်မှုမှတဆင့် Ooredoo ထံကိုလိုင်စင်တင်ထားသောပစ္စည်းများကိုဝင်ရောက်သုံးစွဲခြင်းဖြင့်သုံးစွဲသူမှအသိပညာဆိုင်ရာနှင့်ပိုင်ဆိုင်မှုဆိုင်ရာဥပဒေများကိုလိုက်နာပြီးသက်ဆိုင်ကြောင်းလက်ခံရပါမည်။သုံးစွဲသူဖြစ်သည့်အလျှောက်ဝန်ဆောင်မှုမှတဆင့်ရရှိထားသောအချက်အလက်များဖြစ်သောနာမည်များ၊ခေါင်းစဉ်များ၊စကားလုံးများ၊ဆောင်ပုဒ်များ၊အမှတ်တံဆိပ်များထင်ရှားသောကုန်သွယ်မှုအမှတ်တံဆိပ်များနှင့်အခြားသောအနုစိပ်အလုပ်များကိုသုံးစွဲသူမှမပိုင်ဆိုင်ကြောင်းသိရှိရမည်ဖြစ်ပါသည်။

၅.၃သင့်မှာအထူးသီးသန့်မဟုတ်သော၊ကူးပြောင်းခြင်းမရရှိနိုင်ပြီးအချိန်မရွေးရုပ်သိမ်းနိုင်တဲ့အချက်အလက်များကိုလက်ရှိတရားဥပဒေနှင့်အညီသုံးစွဲနိုင်ခွင့်လိုင်စင်တစ်ခုကိုရရှိမှာဖြစ်ပြီးဝန်ဆောင်မှုမှရရှိသည့်အချက်အလက်များကိုတစ်ပိုင်းတစ်ပိုင်းဖြစ်စေ၊အကုန်လုံးဖြစ်စေပြောင်းလဲစေခြင်း၊ပြန်လည်ထုတ်ဝေခြင်း၊ပြောင်းပြန်ပြင်ဆင်ခြင်း၊ရောင်းချခြင်း၊ဖြန့်ဝေခြင်းတို့တွင်ပါဝင်ခြင်း၊ခိုးချခြင်းများမပြလုပ်ရပါ။

၅.၄သင်ရဲ့ဝန်ဆောင်မှုအပေါ်သုံးစွဲမှုသည်ကာကွယ်ထားသောအချက်အလက်အများကိုခွင့်ပြုချက်များနဲ့မကိုက်ညီတဲ့အသုံးပြုမှုများအတွက်ခံစားပိုင်ခွင့်ပေးအပ်ခြင်းမဟုတ်ပါ၊အထူးသဖြင့်အချက်အလက်များထဲမှပိုင်ဆိုင်မှုရပိုင်ခွင့်များ၊မှတ်ချက်များကိုဖျက်ခြင်း၊ပြောင်းလဲခြင်းများမပြုလုပ်ပါနှင့်။မူပိုင်ခွင့်ရှိသူနှင့် Ooredoo ၏ရေးသားထားသောခွင့်ပြုချက်မရှိပဲအချက်အလက်များကိုအခြားသောနည်းလမ်းများနှင့်အသုံးမပြုရ၊သင့်တကိုယ်ရည်သုံးရန်ကာကွယ်ထားသောအချက်အလက်များကိုသာအသုံးပြုနိုင်မည်။Ooredoo သို့မဟုတ်ကျွန်တော်တို့ရဲ့လိုင်စင်ပိုင်ဆိုင်သူများ၏အသိပညာဆိုင်ရာပိုင်ဆိုင်မှုအတွက်ဖော်ပြထားရှိသည့်စည်းမျဉ်းစည်းကမ်းများအတိုင်းသုံးစွဲခြင်းအပြင်မည်သည့်ခွင်ပြုချက်မှသင့်ကိုမပေးထားပါ။

၅.၅သုံးစွဲသူနှင့်အခြားသောသူများကြားထဲမှဝန်ဆောင်မှုသုံးဆွဲမှုအပေါ်အငြင်းပွားမှုများကို Ooredoo မှတာဝန်ယူမည်မဟုတ်ပါ။တခြားသောသူများနှင့်သက်ဆိုင်သောအရာများကိုသင်မှအကုန်တာဝန်ယူပြီးထိုငြင်းခုံမှုများနှင့်ပတ်သက်သည့်ပြောဆိုချက်များ၊တောင်းဆိုချက်များနှင့်ထိခိုက်မှုများကို Ooredoo နှင့်လုံးဝမသက်ဆိုင်ကြောင်းသိရှိလက်ခံနိုင်ရမည်။

၆. နောက်ဆုံးစီမံထားချက်

၆.၁ဝန်ဆောင်မှုကိုသုံးစွဲခြင်းနှင့်ပတ်သက်ပြီးစည်းမျဉ်းစည်းကမ်းများကိုကြိုတင်အသိပေးထားခြင်းမရှိပဲမည်သည့်အချိန်မဆိုပြောင်းလဲခွင့်ထပ်တိုးပိုင်ခွင့်ကို Ooredoo မှပိုင်ဆိုင်ထားပါတယ်။

၆.၂ Ooredooမှစည်းမျဉ်းစည်းကမ်းများမှပေါ်ထွန်းလာသောလုပ်ပိုင်ခွင့်များ၊တာဝန်များကိုစည်းကမ်းတင်းကျပ်စွာလိုက်နာခွင့်များကိုတောင်းဆိုရန်ပျက်ကွက်ခဲ့ပါကမည်သည့်အချိန်မဆိုသူတို၏ပြောင်းလဲနိုင်ခွင့်ကိုစွန့်လွှတ်ရန်လိုအပ်မည်မဟုတ်ပါ။

၆.၃ဒီဖော်ပြမှုရဲ့သက်ဆိုင်ရာအချက်တွေကိုအသုံးမဝင်ခြင်း၊အတည်မပြုခြင်း၊တရားမဝင်ခြင်း၊ရှောင်ကျဉ်ခြင်းတို့ဖြစ်လာပါကသို့မဟုတ်မည်သည့်နည်းနဲ့မှတရားဝင်ဆုံးဖြတ်နိုင်စွမ်းမရှိပါကထိုဆုံးဖြတ်ချက်များကကျန်ရှိသောဖော်ပြမှုများ၏အသုံးဝင်မှု၊မဝင်မှုကိုထိခိုက်ခြင်းမရှိပဲမူလအတိုင်းရှိနေမည်။

၆.၄ဒီသဘောတူညီချက်ထဲမှာမဖော်ပြထားတဲ့ပြဿနာတွေအပေါ် Ooredooမှသာလျှင်နောက်ဆုံးအနေနှင့်ဆုံးဖြတ်ပြောဆိုပိုင်ခွင့်ရှိမည်။

၆.၅ Ooredooမှဝက်ဘ်ဆိုက်များပေါ်တယ်များမှတဆင့်ပေးအပ်ထားသောဝန်ဆောင်မှုတစ်ခုချင်းစီဟာသူတို့၏ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းများအသီးသီးရှိပါသည်။ဝန်ဆောင်မှုထဲဝင်ရောက်ခြင်းအသုံးပြုခြင်းဖြင့်လက်ရှိစည်းမျဉ်းစည်းကမ်းများကိုလိုက်နာမည်ဖြစ်ကြောင်းကိုသေချာစွာဖတ်ရှူပြီးသဘောတူညီကြောင်းအတည်ပြုခြင်းအထမြောက်ပါတယ်။